Laughter is the best healer
# ကြည့်ကြသေးတာပေါ့
- " ဝင်ခဲ့ဟေ့ ..." အိမ်ရှင်သူငယ်ချင်းက အော်လိုက်သည်။
- " ဒီခွေးကြီးက မကိုက်ဘူးလား ..."
- " ငါတို့လဲ အဲဒါသိချင်နေတာ ။ ဒီကောင် ဒီနေ့မှ အိမ်ကိုရောက်တာ ။
# ဒုက္ခပေးတဲ့ သားသမီး
... ဟေ့ ဘာဖြစ်နေကြတာလဲကွ။ ဆူညံနေတာပဲ။
... ကျွန်မတို့ရဲ့ ကလေးတွေကို ရှင့်ကလေးနဲ့ ကျွန်မကလေးတွေ ဝိုင်းရိုက်နေကြလို့ ... ။
# ရှူး တိုးတိုး ….
… သူငယ်ချင်း မီးအာမခံ လုပ်ထားတဲ့ မင်းရဲ့ အိမ် မီးလောင်သွားတယ်လို့ကြားတယ်။ ဟုတ်လား …
ရှူး .... တိုးတိုး … မလောင်သေးဘူးကွ။ သဘက်ခါမှ ..။
# ရက်စက်တဲ့ စကား
အသက်ထောက်လာပြီ ဖြစ်သော မိန်းမက ယောင်္ကျားကို ပြောသည်။
… အခုလို ဆံပင်ကို ခပ်တိုတိုလေညှပ်လိုက်တော့ ကျွန်မ အဘွားကြီးနဲ့ မတူတော့ဘူး မဟုတ်လားဟင် .. ။
… အင်း ။ ဒါပေမယ့် … .. အဘိုးကြီးနဲ့ တူလာတယ်။
Subscribe to:
Posts (Atom)
