Health Tips


ပူတဲ့ရာသီမှာ

ရာသီဥတုပူတဲ့အချိန်မှာ ရေခဲရေ အေးအေးတွေ သောက်တာ ၊ အပူသက်သာအောင် ရေခဲဝတ် တင်တာတွေ ပြုလုပ်ရင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့ စနစ်ကို ထိခိုက်စေပြီး အသက် သေဆုံးစေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့ စနစ်က ခန္ဓာကိုယ် အပူ ရှိန်တွေကို အေးအောင် ချွေးထုတ်ပေးတယ်။ သဘာဝက လုပ်ဆောင်ပေးတာ တွေကို သတိမထားဘဲ ရေခဲဝတ်တင်တာတွေ၊ ရေခဲရေ အေး အေးတွေ သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ အပူအအေး ကွာဟချက်ကို ပြန်မညှိနိုင်ဘဲ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါ တယ်။ ခန္ဓာ ကိုယ်မှာ အပူချိန်များနေတဲ့အခါ ရုတ်တရက်ချက်ချင်း အဲကွန်းခန်းထဲ ဝင်လိုက်တာ မျိုးတွေ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ အ ပြင်က အပူချိန် ကွာဟမှု မျာလွန်းရင် အပူရှိန်ထိန်းစနစ်က ပြန်ညှိရ ခက်တာကြောင့် အသက် ဆုံးရှုံးတာတွေဖြစ်နိုင်ပါတယ်။
နေပူထဲက ပြန်လာပြီးချက်ချင်းရေမချိုးသင့်ပါဘူး။ အပူချိန်များတဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်စေပြီး အေးအောင် ပြန်လုပ်ပေးတာပါ။ ထွက်လာတဲ့ ချွေးတွေကိုလည်း ရုတ်တရက် သုတ်ပစ်တာမျိုးတွေ၊ ချွေးသိပ်အောင် ရေခဲဝတ်တင်တာမျိုးတွေ အအေးခံတာမျိုးတွေမလုပ်ရ ပါဘူး။ ကိုယ်တွင်း အပူချိန် များ နေသူအတွက် အန္တရာယ် ပိုရှိတာ ကြောင့် ရေများများ သောက်ဖို့လိုပါတယ်။ ချွေးထွက်လွန်ရင် ဓာတ်ဆား ရည် ဖြည့်သောက် နိုင်ပါတယ်။ ရေဆာတိုင်း ချက်ချင်းသောက်ရမှာ ဖြစ်ပြီး သာမန်ရေအေးအေးကို သောက်နိုင်ပါတယ်။ သည်လို ပူပြင်းတဲ့ အချိန် မှာ အပူကို ပိုထွက်စေတဲ့ အရက်ဘီယာ သောက်ခြင်း၊ ပြင်း ထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းတွေကိုလည်း ရှောင်ရမည် ဖြစ်ပါ ကြောင်း ...... ..... ...